Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 86:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို ကိုယ်တော်​၏​အစေအပါး​အား ပေး​၍ ကိုယ်တော့်​ကျွန်မ​၏​သား​ကို ကယ်တင်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကျွန်​တော်​မျိုး​ထံ​ကြွ​တော်​မူ​၍​ကျွန်​တော်​မျိုး အား သ​နား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​မိ​ခင်​နည်း​တူ ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံ​ပါ​သ​ဖြင့် ကျွန်​တော်​မျိုး​အား​ခွန်​အား​စွမ်း​ရည်​ကို ပေး​တော်​မူ​ပြီး​လျှင်​ကယ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 အ ကျွန်ုပ် ကို လှည့် ကြည့် ၍၊ ကျေး ဇူး ပြု တော် မူ ပါ။ တန် ခိုး တော် ကို ကျွန် တော် မျိုး အား ပေး၍၊ ကိုယ် တော့် ကျွန် မ ၏ သား ကို ကယ် တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​အား တန်​ခိုး​တော်​ကို​ပေး၍၊ ကိုယ်​တော်၏ ကျွန်​မ​သား​ကို ကယ်​တင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 86:16
18 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော့်​ကျွန်မ​၏​သား​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော အချည်အနှောင်​များ​မှ ကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပြီ​။


ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။


အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။


အကျွန်ုပ်​သည် တစ်ကိုယ်တည်း​ဖြစ်​လျက် အဖိနှိပ်​ခံရ​သောကြောင့် အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


ငါ​၏​ရန်သူ​တို့​က “​မည်သည့်​အချိန်​မှ သူ​သေ​၍ သူ​၏​အမည်​ပျောက်ကွယ်​သွား​မည်နည်း​”​ဟု ငါ့​ကို​မကောင်း​ပြောဆို​ကြ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။


ကိုယ်တော်​၌ အားယူ​သော​သူ​၊ ဇိအုန်​သို့​သွား​ရာ​လမ်း​ကို နှလုံး​သွင်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။


“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။


ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။


ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ