ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ဆာလံ 115:9 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးလူမျိုးတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုလူမျိုးတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။ Common Language Bible ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။ Garrad Bible အို ဣ သ ရေ လ လူ မျိုး၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား ကြ လော့။ ကိုယ် တော် သည်၊ သင် တို့ အ ထောက် အ မ၊ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ Judson Bible အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။ |
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
အို အစ္စရေးလူမျိုး၊ ထာဝရဘုရားကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ထာဝရဘုရား၌ မေတ္တာကရုဏာတော်ရှိ၏။ ကြွယ်ဝသောရွေးနုတ်ကယ်တင်ခြင်းလည်း ကိုယ်တော်၌ရှိ၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
ဤသည်ကား ခရစ်တော်၌ ဦးစွာမျှော်လင့်ထားသောငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည့်အကြောင်းတည်း။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။