သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။
ဆာလံ 110:7 - မြန်မာ့စံမီသမ္မာကျမ်း လမ်းအနားရှိ စမ်းချောင်းမှရေကို သောက်တော်မူလိမ့်မည်။ ထို့ကြောင့် ကိုယ်တော်သည် ဦးခေါင်းတော်ကို ချီးမြှောက်တော်မူလိမ့်မည်။ Common Language Bible မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။ Garrad Bible ခ ရီး တော် အ ကြား၊ ချောင်း ရေ ကို သောက် ၍၊ မော် မောက် ခွင့် ရ တော် မူ လိမ့် မည်။ Judson Bible လမ်းနားမှာစီးသောရေကိုသောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။ |
သူပျက်စီးသွားသည်ကို သူ့မျက်စိမြင်ရပါစေ။ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သူသောက်ရပါစေ။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ထို့ကြောင့် ပရောဖက်တို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဂျေရုဆလင်မြို့ရှိပရောဖက်တို့ အစပြုလိုက်သော မကောင်းမှုသည် တစ်ပြည်လုံးသို့ ပျံ့နှံ့လေပြီ။ ထို့ကြောင့် ငါသည် သူတို့အား ဒေါနကိုစားစေမည်။ အဆိပ်ရေကို သောက်စေမည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းစံသောပထမနှစ်၊ ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် ဧဝိလမေရောဒက်မင်းကြီးသည် ယုဒဘုရင်ယောယခိမ်မင်းကြီးကို ချီးမြှောက်သောအားဖြင့် အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။
တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။
ယေရှုကလည်း“ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။
သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်တော်သည် ခရစ်တော်၏ဒုက္ခဝေဒနာများနှင့် ထိုဝေဒနာများနောက်တွင်ဖြစ်လာမည့် ဘုန်းအသရေတို့အကြောင်းကို ကြိုတင်သက်သေခံသောအခါ မည်သူ၊ သို့မဟုတ် မည်သည့်အချိန်ကိုဆိုလိုကြောင်း သူတို့စူးစမ်းလေ့လာကြ၏။
ထိုအခါ ဘုရားသခင်သည် လေဟိအရပ်၌ ချိုင့်ခွက်တစ်ခုပေါ်လာစေ၍ ရေထွက်လာစေ၏။ ရှံဆုန်သည် ထိုရေကိုသောက်သောအခါ ခွန်အားပြည့်၍ ပြန်လည်လန်းဆန်းလာ၏။ ထိုနေရာကို အန်ဟက္ကောရ ဟုခေါ်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိ၏။