အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။
ဆာလံ 11:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။ Common Language Bible ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။ Garrad Bible သန့် ရှင်း ရာ ဗိ မာန် တော်၌ တည် လျက်၊ ကောင်း ကင် ဘုံ ရှိ ပ လ္လင် တော့် ထက် စံ တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ လူ့ သား တို့ ကို မျက် စိ တော် ဖြင့် ရှု ကြည့်၍၊ မျက် ခွံ တော် ဖြင့် စံ ချ တော် မူ၏။ Judson Bible ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ |
အစ္စရေးလူမျိုးတို့ကို ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် အိမ်တော်နှင့်မစံမြန်း။ စံတော်မူရာတဲတော်တစ်ခုမှတစ်ခုသို့သာ ပြောင်းနေခဲ့ပြီ။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏စိတ်နှလုံးကို သိမြင်တော်မူပါ။ အကျွန်ုပ်ကိုစစ်ဆေး၍ အကျွန်ုပ်၏စိုးရိမ်ပူပန်မှုတို့ကို သိမြင်တော်မူပါ။
ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ထာဝရဘုရားသည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။
ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
ထာဝရဘုရားသည် ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။ ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။ ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ)
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
ထို့အတူ ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ၎င်းတွင်ကိန်းဝပ်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။
ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
ငါသည် ချက်ချင်းပင် ဝိညာဉ်တော်၌ရှိလေရာ ကြည့်လော့။ ကောင်းကင်၌ပလ္လင်တော်တစ်ခုတည်ရှိ၍ ထိုပလ္လင်တော်ပေါ်တွင် ထိုင်နေသောအရှင်တစ်ပါးရှိ၏။