အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 109:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​များ​နှင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆန့်ကျင်​လျက် မကောင်း​ပြောဆို​သော​သူ​များ​သည် ထိုသို့သော​အကျိုး​ကို ထာဝရဘုရား​ထံ​မှ ခံ​ကြ​ရ​ပါစေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့် သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ့ အ သက် တစ် ဘက် မ ကောင်း ပြော ဆို တတ် သော ရန် ဘက် တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ထို သို့ သော အ ကျိုး ဆက် ကို ခံ ရ ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ၏​ဝိ​ညာဉ်​တစ်​ဖက်၌ မ​ကောင်း​သော​စ​ကား​ကို ပြော​တတ်​သော ငါ၏​ရန်​သူ​တို့​သည် ထို​သို့​သော အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ခံ​ရ​ကြ​ပါ​စေ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 109:20
19 ပူးပေါင်းရင်းမြစ်များ  

အဟိသောဖေလ​သည် မိမိ​ပေး​သော​အကြံ​အတိုင်း မ​လုပ်​သည်​ကို သိမြင်​လျှင် မြည်း​ကို ကုန်းနှီးတင်​ပြီး နေရင်းမြို့​ရှိ မိမိ​အိမ်​သို့ ပြန်​ကာ အိမ်သား​တို့​အား မှာစရာ​ရှိ​သည်​ကို မှာကြား​ပြီး မိမိကိုယ်ကို ကြိုးဆွဲချ​သေ​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ​၏​။


ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။


ထို့ပြင် ရှင်ဘုရင်​က ရှိမိ​အား “ငါ့​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အပေါ် သင်​ပြု​မိ​ခဲ့​သော​အမှား​များ​ကို​လည်း သင်ကိုယ်တိုင်​သိ​၏​။ ထာဝရဘုရား​သည် သင်​၏​မကောင်းမှု​ကို သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​။


ထာဝရဘုရား​သည် ငါ​၏​သခင်​အား “​သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေတင်ခုံ​အောက်​၌ ငါ​ချထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​”​ဟု မိန့်​တော်မူ​၏​။


သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အကြောင်းမူကား အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်​ကို စောင့်ကြည့်​နေ​သော​သူ​တို့​သည်​လည်း အတူတကွ​လျှို့ဝှက်ကြံစည်​ကြ​လျက်


ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။


ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။


သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။


ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်သူ​က​မျှ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် “ယေရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ”​ဟု ပြောဆို​မည်​မ​ဟုတ်။ ထို့အတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​လျှင် မည်သူ​က​မျှ “ယေရှု​သည် သခင်​ဖြစ်​တော်မူ​၏”​ဟူ၍ မ​ပြောဆို​နိုင်​ပေ။


ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။