ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
ဂလာတိ 2:3 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါနှင့်အတူပါလာသောတိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းကို မခံခဲ့ရပေ။ Common Language Bible ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။- Garrad Bible သို့ ရာ တွင် ငါ တို့ ကို ကျွန် အ ဖြစ် ကျ ရောက် စေ သော အ ကြံ နှင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ ရ ကြ သော လွတ် ခွင့် ကို ချောင်း ကြည့် လို၍ လျှို့ တစ် ဝှက် ဝင် လာ သော ညီ အစ် ကို ယောင် ဆောင် သူ တို့ အ နော် အ တာ ကို ခေ တ္တ မျှ ဝန် မ ခံ။ ငါ့ အ ပေါင်း အ ပါ ဂ ရိတ် လူ မျိုး တိ တု ကို ပင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် သ ဘော မ တူ ချေ။ သို့ မှ သ တင်း တော် မြတ် သည် သင် တို့၌ အ စုံ အ လင် တည် ရ ၏။ Judson Bible သို့သော်လည်း ငါနှင့်အတူပါသော ဟေလသအမျိုးတိတုကို အရေဖျားလှီးခြင်းကို မခံစေကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် ကျွန်ုပ်ကို ထောက်ခံ၍ ကျွန်ုပ်နှင့်အတူ ပါလာသော တိတုကိုပင်လျှင် လူမျိုးခြားဖြစ်သော်လည်း အရေပြားလှီးမင်္ဂလာကို ခံယူရန် မစေခိုင်းခဲ့ပေ။ |
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
ပေါလုသည် သူ့ကို မိမိနှင့်အတူလိုက်စေလို၍ ထိုအရပ်၌ရှိသော ဂျူးလူမျိုးတို့ကြောင့် သူ့အား အရေဖျားလှီးခြင်းပေး၏။ အကြောင်းမူကား သူ၏ဖခင်သည် ဂရိအမျိုးသားဖြစ်ကြောင်း သူတို့အားလုံးသိနေကြ၏။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ထို့နောက် တစ်ဆယ့်လေးနှစ်ကြာသောအခါ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားခဲ့၏။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။