အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
ဂလာတိ 2:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် မိမိဖြိုဖျက်ခဲ့သော ထိုအရာများကို ပြန်လည်တည်ဆောက်လျှင် ကိုယ့်ကိုယ်ကိုယ် ပညတ်တရားဖောက်ဖျက်ကျူးလွန်သူဖြစ်ကြောင်း ထင်ရှားစေရာရောက်၏။ Common Language Bible အကယ်၍မိမိဖြိုဖျက်ခဲ့သောအရာကို ပြန်လည်တည်ဆောက်မည်ဆိုပါက ငါသည် ပညတ်တရားကိုချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်ပေသည်။- Garrad Bible ငါ ဖြို ဖျက် ပြီး သော တ ရား ကို ငါ တည် ဆောက် ပြန် လျင် မူ ကား အ ပြစ် ကျူး လွန် သူ ငါ ဖြစ် ကြောင်း ထင် ရှား ခဲ့ လေ ပြီ။ Judson Bible ထိုသို့မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တစ်ဖန် ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည်ကို ကိုယ်ထင်ရှားစွာပြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို ပြန်၍နာခံသည်မှာ မိမိဖျက်ဆီးခဲ့သောအရာကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် ပညတ်တရားချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်လိမ့်မည်။ |
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို မပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းကို ပညတ်တရားအားဖြင့်ရရှိနိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။
ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။