သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
ဂလာတိ 2:17 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။ Common Language Bible သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။- Garrad Bible ငါ တို့ ပင် ခ ရစ် တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် ခွင့် ကို ရှာ ကြံ စဉ် အ ပြစ် သား များ ဖြစ် ကြောင်း ထင် ရှား လျှင် ခ ရစ် တော် သည် အ ပြစ် တ ရား၏ အ မှု ဆောင် ဖြစ် သ လော။ ထို သို့ မ ဖြစ် စေ ရာ။ Judson Bible ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ကြိုးစားလျက် ရှိ၏။ သို့သော် ထိုသို့ကြိုးစားစဉ် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ပညတ်တရားကို စွန့်ပယ်သဖြင့် အပြစ်သားများပင်ဖြစ်ကြောင်း အခြားဂျူးလူမျိုးတို့က ယူဆလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်ကျူးလွန်စေရန် အားပေးသည်ဟု ဆိုနိုင်သလော။ လုံးဝမဆိုနိုင်ပါ။ |
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။
တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့်
လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။
လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။
သို့သော် အန္တိအုတ်မြို့သို့ ကေဖရောက်လာသောအခါ သူ၌အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို မျက်နှာချင်းဆိုင်၍ ပိတ်ပင်တားဆီးရ၏။
ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
လူကမဟုတ်ဘဲ ထာဝရဘုရားကတည်ဆောက်တော်မူသော စစ်မှန်သည့်တဲတော်နှင့် သန့်ရှင်းရာဌာန၏အမှုကိုထမ်းဆောင်သူဖြစ်တော်မူ၏။
ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။