ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။
ဂလာတိ 1:23 - မြန်မာ့စံမီသမ္မာကျမ်း “ယခင်က ငါတို့ကိုညှဉ်းဆဲခဲ့သောသူသည် တစ်ချိန်က သူဖျက်ဆီးရန်ကြိုးစားခဲ့သောယုံကြည်ခြင်းတရားကို ယခု ဟောပြောလျက်နေသည်”ဟူ၍သာ ကြားရကြ၏။ Common Language Bible ``ငါတို့ကိုနှိပ်စက်ညှဉ်းဆဲခဲ့သူသည်ယခင်က မိမိဖျက်ဆီးရန်ကြိုးစားခဲ့သည့်ဘာသာတရား တော်ကို ယခုအခါဟောပြောလျက်ရှိပါသည် တကား'' ဟုလူတို့ပြောဆိုသံကိုသာလျှင်သူ တို့ကြားသိရကြ၏။- Garrad Bible ငါ သူ စိမ်း ဖြစ် သေး စဉ် ညှဉ်း ပန်း ဖူး သူ သည်၊ Judson Bible ငါတို့ကို ညှဥ်းဆဲဖူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ယခင်က ငါတို့ကို ညှဉ်းဆဲခဲ့သောသူသည် တစ်ချိန်က သူကိုယ်တိုင် ဖျက်ဆီးရန် ကြိုးစားခဲ့သော ယုံကြည်ခြင်းတရားကို ဟောပြောနေသည်” ဟု လူတို့ ပြောဆိုသံကို သာလျှင် ထိုသူတို့ ကြားသိရ၏။ |
ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။
ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်များနှင့်ပေါင်းဖော်ရန် ကြိုးစားသော်လည်း သူတို့အားလုံးသည် သူ့ကို တပည့်တော်ဖြစ်ကြောင်း မယုံဘဲ ကြောက်ကြ၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။