အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
ဘုရားသခင်၏အလိုတော်အရ၊ သားတော် သည်ဘုရားဇာတိကိုအပြည့်အဝခံယူ တော်မူ၏။-
အ သို့ ဆို သော် ဂုဏ် ဟူ သ မျှ သည် ကိုယ် တော်၌ ကိန်း ဝပ် စေ ရန် လည်း ကောင်း၊
အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှာလည်းကောင်း၊-
ဘုရားသခင်သည် မိမိ၏ ပြည့်စုံမှုအားလုံးကို သားတော်ထံ ကိန်းအောင်းစေရန်နှင့်
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ကြွဆင်းတော်မူခဲ့သောအရှင်ကိုယ်တိုင်သည် အရာခပ်သိမ်းတို့ကို ပြည့်စုံစေရန် ကောင်းကင်အထပ်ထပ်တို့အပေါ်သို့ တက်သွားတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။)
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။