သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
ကမ္ဘာဦး 9:12 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားသခင်က “ငါနှင့် သင်တို့ကြား၌လည်းကောင်း၊ သင်တို့နှင့်အတူရှိသော သက်ရှိသတ္တဝါအပေါင်းတို့ကြား၌လည်းကောင်း ခေတ်ကာလအစဉ်အဆက် ငါပြုသောပဋိညာဉ်၏အမှတ်လက္ခဏာမှာ ဤသို့ဖြစ်၏။ Common Language Bible သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊- Garrad Bible ဘု ရား သ ခင် က လည်း ငါ တစ် ဘက်၊ သင် တို့ မှ စ၍ ပါ ရှိ သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ က တစ် ဘက် ကာ လ အ စဥ် အ ဆက် ငါ ပြု သော ပ ဋိ ညာဉ့် အ မှတ် သ ညာ မှာ၊ Judson Bible ထိုမှတစ်ပါး၊ ငါတစ်ဖက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တစ်ဖက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊ |
သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
ငါ၏သက်တံကို မိုးတိမ်၌ ငါထား၏။ ထိုသက်တံသည် ငါနှင့်မြေကြီးကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်လိမ့်မည်။
ထို့နောက် ဘုရားသခင်က “ဤသည်ကား ငါနှင့် မြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါတည်စေသောပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်၏”ဟု နောဧအား မိန့်တော်မူ၏။
သွေးသည် သင်တို့နေသောအိမ်များ၌ သင်တို့အတွက် အမှတ်လက္ခဏာဖြစ်လိမ့်မည်။ ငါသည် ထိုသွေးကိုမြင်သောအခါ သင်တို့ကိုကျော်သွားမည်။ အီဂျစ်ပြည်ကို ငါဒဏ်ခတ်သောအခါ ဖျက်ဆီးခြင်းဘေးဒဏ်သည် သင်တို့အပေါ်သို့ သက်ရောက်မည်မဟုတ်။
ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
ကျွန်မသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့ သင်တို့သည်လည်း ကျွန်မ၏ဆွေမျိုးသားချင်းအပေါ် မေတ္တာထားပါမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျွန်မအား ယခုကျိန်ဆိုပါလော့။ စိတ်ချရသောအမှတ်အသားတစ်ခုကိုလည်း ပေးခဲ့ပါ။