Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 9:12 - Common Language Bible

12 သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဘု ရား သ ခင် က လည်း ငါ တစ် ဘက်၊ သင် တို့ မှ စ၍ ပါ ရှိ သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ က တစ် ဘက် ကာ လ အ စဥ် အ ဆက် ငါ ပြု သော ပ ဋိ ညာဉ့် အ မှတ် သ ညာ မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 တစ်ဖန် ဘုရားသခင်​က “​ငါ​နှင့် သင်​တို့​ကြား​၌​လည်းကောင်း​၊ သင်​တို့​နှင့်အတူ​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း ခေတ်ကာလ​အစဉ်အဆက် ငါ​ပြု​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​မှာ ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 9:12
8 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-


မိုး​တိမ်​ထဲ​၌​ငါ​၏​သက်​တံ့​ကို​ပေါ်​စေ​မည်။ ထို​သက်​တံ​သည်​ကမ္ဘာ​လော​က​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။-


ဤ​သည်​ကား​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​နှင့် ငါ​ပြု​သော​က​တိ​တော်​၏​လက္ခ​ဏာ​သက်​သေ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် ဖြင့် ငါ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့ ခြင်း​ကြောင့် ဤ​ပွဲ​တော်​သည်​သင်​၏​လက်​သို့ မ​ဟုတ်​သင်​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော အ​မှတ်​လက္ခ​ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ ရ​စေ​လိမ့်​မည်' ဟု​ပြန်​ပြော​ရ​မည်'' ဟူ​၍ ပြော​ဆို​လေ​၏။


ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ