သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
ကမ္ဘာဦး 7:8 - မြန်မာ့စံမီသမ္မာကျမ်း နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း စင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောတိရစ္ဆာန်၊ ငှက်နှင့် မြေပေါ်မှာတွားသွားသောသတ္တဝါအပေါင်းတို့ထဲမှ Common Language Bible ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- Garrad Bible နော ဧ အား ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ တိုင်း သန့် သော သား မျိုး၊ မ သန့် သော သား မျိုး၊ လေ သ တ္တ ဝါ နှင့် မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် များ ထဲ မှ အ ထီး အ မ အ စုံ အ စုံ တို့ သည်၊ Judson Bible ဘုရားသခင်မှာထားတော်မူသည်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များအထဲက၊ |
သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
ငှက်များထဲမှ အမျိုးအလိုက်၊ တိရစ္ဆာန်များထဲမှ အမျိုးအလိုက်၊ မြေပေါ်ရှိ တွားသွားသောတိရစ္ဆာန်အပေါင်းတို့ထဲမှ အမျိုးအလိုက် အထီးအမတစ်စုံစီတို့သည် အသက်ချမ်းသာရရန် သင့်ထံသို့လာကြလိမ့်မည်။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။