ငှက်များထဲမှ အမျိုးအလိုက်၊ တိရစ္ဆာန်များထဲမှ အမျိုးအလိုက်၊ မြေပေါ်ရှိ တွားသွားသောတိရစ္ဆာန်အပေါင်းတို့ထဲမှ အမျိုးအလိုက် အထီးအမတစ်စုံစီတို့သည် အသက်ချမ်းသာရရန် သင့်ထံသို့လာကြလိမ့်မည်။
လေ သ တ္တ ဝါ အ မျိုး အ လိုက်၊ သား ယဥ် သား ရဲ အ မျိုး အ လိုက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ ပေါင်း အ မျိုး အ လိုက်၊ အ သီး အ သီး တစ် စုံ စီ အ သက် ချမ်း သာ စေ ခြင်း ငှါ သင့် ထံ သို့ လာ ကြ ရ မည်။
ငှက်လည်းအမျိုးအလိုက်၊ သားလည်းအမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာစေခြင်းငှာ၊ သင့်ထံသို့ လာကြလိမ့်မည်။
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။
သို့သော် သင်တို့သည် အသက်ကိုရရှိရန် ငါ့ထံသို့မလာလိုကြ။