ကမ္ဘာဦး 50:26 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။ Common Language Bible သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။ Garrad Bible ထို သို့ လျှင် ယော သပ် သည် အ သက် တစ် ရာ့ တစ် ဆယ် ရှိ သော် သေ လွန်၍ အ လောင်း ကို ခံ အောင် ဆေး နှင့် ပြု ပြင် ပြီး လျှင် ခေါင်း သွင်း ၍ အိ ဂျစ် ပြည် တွင် ထား ကြ လေ ၏။ Judson Bible ထိုသို့ယောသပ်သည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့်ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့်ထားကြလေ၏။ ရှင်မောရှေစီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။ |
ယာကုပ်သည် အီဂျစ်ပြည်၌ တစ်ဆယ့်ခုနစ်နှစ်အသက်ရှင်နေထိုင်ခဲ့၏။ ယာကုပ်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလများမှာ တစ်ရာလေးဆယ့်ခုနစ်နှစ်ဖြစ်၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ယောသပ်သည် မိမိဖခင်၏အိမ်သူအိမ်သားတို့နှင့်အတူ အီဂျစ်ပြည်၌နေထိုင်လေ၏။ ယောသပ်သည် အနှစ်တစ်ရာ့တစ်ဆယ်အသက်ရှင်၍
ထို့နောက်မှ ထာဝရဘုရား၏အစေအပါး နုန်၏သားယောရှုသည် အသက်တစ်ရာ့တစ်ဆယ်တွင် သေဆုံးလေ၏။