ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ကမ္ဘာဦး 50:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။ Common Language Bible ထိုနောက်ဆေးသမားတို့အားအဖ၏ အလောင်းကို ဆေးစိမ်ရန်အမိန့်ပေးလေသည်။- Garrad Bible အ ဘ ဣ သ ရေ လ အ လောင်း ကို ခံ အောင် ဆေး နှင့် ပြု ပြင် စေ ရန် ကိုယ့် ကျွန် ဆေး သ မား တို့ အား အ မိန့် ရှိ သည် အ တိုင်း၊ Judson Bible အဘ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်စေခြင်းငှာ၊ မိမိကျွန်ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည်နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။ |
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
ဥပုသ်နေ့လွန်ပြီးနောက် မာဂဒလမြို့သူမာရိ၊ ယာကုပ်၏မိခင်မာရိနှင့် ဆလိုမေတို့သည် အလောင်းတော်ကို သွား၍လိမ်းရန် အမွှေးနံ့သာကို ဝယ်ယူကြ၏။
ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်စအချိန်၌ သူတို့သည် မိမိတို့ပြင်ဆင်ထားသောအမွှေးနံ့သာကိုယူဆောင်၍ သင်္ချိုင်းတော်သို့သွားကြရာ
ထို့ကြောင့် ယေရှုက“ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကိုသိမ်းထားခဲ့သည်ဖြစ်၍ သူပြုလိုရာပြုပါစေ။