ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ကမ္ဘာဦး 50:19 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်ကလည်း “မကြောက်ကြနှင့်။ အကျွန်ုပ်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ Common Language Bible ထိုအခါယောသပ်ကညီအစ်ကိုတို့အား``အစ် ကိုတို့မစိုးရိမ်ကြပါနှင့်။ ဘုရားသခင်က သာလျှင်တရားစီရင်၍ဒဏ်ပေးပိုင်တော်မူ၏။ ကျွန်ုပ်မူကားထိုသို့မပြုနိုင်ပါ။- Garrad Bible ယော သပ် က၊ ကြောက် ရွံ့ ခြင်း မ ရှိ ကြ နှင့်။ ကျွန်ုပ် သည် ဘု ရား သ ခင့် အ စား ဖြစ် သ လော။ Judson Bible ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စားဖြစ်သလော။ |
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။
ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။