အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 48:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​သင့်​သား​ယောသပ်​သည် သင့်​ထံသို့​ရောက်လာ​ပါ​ပြီ​”​ဟု ယာကုပ်​ကြား​သောအခါ အစ္စရေး​သည် အားတင်း​၍ ခုတင်​ပေါ်တွင်​ထထိုင်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယာ​ကုပ်​သည်​သား​ယော​သပ်​လာ​ကြောင်း​ကို ကြား​သိ​ရ​လျှင် အား​တက်​လျက်​အိပ်​ရာ​ပေါ် တွင်​ထိုင်​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သား ယောသပ် လာ ရောက် ကြောင်း ယာ ကုပ် ကြား ၍ အား ဆည်း လျက် ခု တင် ပေါ် တွင် ထိုင် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။

Judson Bible

သား​ယော​သပ်​လာ​ကြောင်း​ကို ယာ​ကုပ်​သည်​ကြား​လျှင်၊ အား​ထုတ်၍ ခု​တင်​ပေါ်​မှာ​ထိုင်၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 48:2
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် “​သခင်​၏​ဖခင် နာမကျန်း​ဖြစ်​နေ​၏​”​ဟု ယောသပ်​ကြား​ရ​လျှင် သား​နှစ်​ယောက်​ဖြစ်​သော မနာရှေ​နှင့်​ဧဖရိမ်​ကို မိမိ​နှင့်အတူ ဖခင်​ထံသို့ ခေါ်ဆောင်​သွား​လေ​၏​။


ထို့နောက် ယာကုပ်​က ယောသပ်​အား “​အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် ခါနာန်​ပြည်​၊ လုဇ​မြို့​၌ ငါ့​အား ကိုယ်ထင်ရှားပြ​တော်မူ​၍ ငါ့​ကို​ကောင်းချီးပေး​လျက်


ထို့ပြင် ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​ကြောင်း​နှင့် ငါ့​အား ရှင်ဘုရင် ပြော​ခဲ့​သော​စကား​များ​ကို သူ​တို့​အား​ပြောပြ​သောအခါ သူ​တို့​က “​ငါ​တို့ ထ​၍​တည်ဆောက်​ကြ​စို့​”​ဟု ဆို​လျက် ထို​ကောင်းသောအမှု​ကို အားတက်သရော စတင်​လုပ်ဆောင်​ကြ​၏​။


ခုတင်​ပေါ်၌ သူ​ဖျားနာ​လျက်​နေစဉ် ထာဝရဘုရား​သည် သူ့​ကို​ဖေးမ​တော်မူ​၍ အနာရောဂါ​ခံစား​ရာ​အိပ်ရာ​ထဲမှ သူ့​ကို​အပြည့်အဝ​ပြန်လည်​ကျန်းမာ​စေ​တော်မူ​လိမ့်မည်​။


ငါ့​သား​၊ သင်​၏​စိတ်နှလုံး​သည် ဉာဏ်ပညာရှိ​လျှင် ငါ​၏​စိတ်နှလုံး​သည်​လည်း အမှန်ပင်​ဝမ်းမြောက်​လိမ့်မည်​။


နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။


ယောရှု​သည် ဤ​လူမျိုး​တို့​ကို ဦးဆောင်​လျက် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍ သင်​တွေ့မြင်​ရ​မည့်​ပြည်​ကို သူ​တို့​အား အမွေခွဲ​ပေး​ရ​မည်​ဖြစ်​သောကြောင့် သူ့​ကို​ညွှန်ကြား​လော့​။ သူ့​ကို အားပေး​ထောက်မ​လော့​’​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ရှောလု​မင်းကြီး​၏​သား​ယောနသန်​သည် ဒါဝိဒ်​ရှိ​ရာ ဟောရေရှ​အရပ်​သို့ ထ​သွား​၍ ဒါဝိဒ်​အား ဘုရားသခင်​၌ ခွန်အား​ပေး​လျက်