ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 48:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောသပ်သည် မိမိ၏သားနှစ်ယောက်ကိုယူ၍ မိမိလက်ယာဘက်၌ရှိသောဧဖရိမ်ကို အစ္စရေး၏လက်ဝဲဘက်သို့လည်းကောင်း၊ မိမိလက်ဝဲဘက်၌ရှိသောမနာရှေကို အစ္စရေး၏လက်ယာဘက်သို့လည်းကောင်း ချဉ်းကပ်စေ၏။ Common Language Bible ထိုနောက်ဧဖရိမ်ကိုယာကုပ်၏အနီးလက်ဝဲ ဘက်၌လည်းကောင်း၊ မနာရှေကိုလက်ယာ ဘက်၌လည်းကောင်းရပ်စေ၏။- Garrad Bible ဧ ဖ ရိမ် ကို ညာ လက် ဖြင့် ဣ သ ရေ လ လက် ဝဲ ဘက် သို့ လည်း ကောင်း၊ မ နာ ရှေ ကို ဘယ် လက် ဖြင့် ဣ သ ရေ လ လက်ျာ ဘက် သို့ လည်း ကောင်း၊ သား နှစ် ယောက် တို့ ကို ကိုင် လျက် ချဉ်း ကပ် စေ ၏။ Judson Bible တစ်ဖန်ယောသပ်သည်သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ယာလက်နှင့်ကိုင်လျက်၊ ဣသရေလလက်ဝဲလက်သို့လည်းကောင်း၊ မနာရှေကို လက်ဝဲလက်နှင့်ကိုင်လျက်၊ ဣသရေလ လက်ယာလက်သို့လည်းကောင်းချဉ်းကပ်စေ၏။ |
ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ်များကား မနာရှေနှင့်ဧဖရိမ် တို့ဖြစ်ကြ၏။
သိုးများကို မိမိ၏လက်ယာတော်ဘက်၌လည်းကောင်း၊ ဆိတ်များကို လက်ဝဲတော်ဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။