တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
ကမ္ဘာဦး 47:3 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးက ယောသပ်၏ညီအစ်ကိုတို့အား “သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ သခင့်အစေအပါးအကျွန်ုပ်တို့သည် သိုးထိန်းများဖြစ်ကြပါ၏”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။ Common Language Bible ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။- Garrad Bible ဖာ ရော မင်း၊ မည် သို့ အ သက် မွေး ကြ သ နည်း ဟု မေး သော် ကျွန် တော် မျိုး တို့ သည် ဘိုး ဘေး တို့ ဘာ၀ အ လိုက် သိုး ထိန်း ဖြစ် ကြ ပါ သည် ဟူ၍ လည်း ကောင်း၊ Judson Bible ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ဟူ၍လည်းကောင်း၊ |
တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
ထိုအခါ သူတို့က “ယခု ပြောပါလော့။ ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်မှာ မည်သူ့ကြောင့်နည်း။ သင် မည်သည့်အလုပ်လုပ်သနည်း။ မည်သည့်အရပ်မှ လာသနည်း။ မည်သည့်ပြည်သား ဖြစ်သနည်း။ မည်သည့်လူမျိုး ဖြစ်သနည်း”ဟု မေးကြလျှင်
အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။