ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
ကမ္ဘာဦး 47:22 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့သည် ဖာရောမင်းကြီးထံမှအစားအစာရရှိသည်ဖြစ်၍ သူတို့သည် ဖာရောမင်းကြီးပေးသော အစားအစာကိုစားရကြသောကြောင့် မိမိတို့၏မြေကိုမရောင်းကြပေ။ ထို့ကြောင့် သူတို့၏လယ်ကိုကား ယောသပ် မဝယ်ပေ။ Common Language Bible ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။- Garrad Bible ပ ရော ဟိတ် တို့ မှာ မူ ဖာ ရော မင်း ထံ မှ ထုံး ဖွဲ့ ချက် ဆွမ်း အ လှူ ခံ ၍ စား ရ သော ကြောင့် ဝ တ္ထု ကံ မြေ ကို မ ရောင်း ရ ကြ။ Judson Bible ယဇ်ပုရောဟိတ်တို့ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖာရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကိုမရောင်းရကြ။ |
ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
ငတ်မွတ်ခေါင်းပါးသောနှစ်မရောက်မီ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်နှင့် သားနှစ်ယောက်ရ၏။
အီဂျစ်ပြည်၏နယ်နိမိတ်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင်ရှိသော လူတို့ကို မြို့များသို့ပြောင်းရွှေ့စေ၏။
ယောသပ်က လူတို့အား “ယနေ့ ငါသည် သင်တို့နှင့်သင်တို့၏မြေကို ဖာရောမင်းကြီးအဖို့ ဝယ်ယူပြီ။ သင်တို့သည် မျိုးစေ့ကိုယူ၍ မြေ၌ စိုက်ပျိုးကြလော့။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား နန်းတွင်းအရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။
ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဗိမာန်တော်အစေအပါး၊ ဘုရားသခင်၏အိမ်တော်၌အမှုဆောင်သူ စသည်တို့ထံမှ အခွန်အကောက်၊ ဆက်ကြေး ကောက်ခံခွင့်မရှိကြောင်း သိမှတ်လော့။
လေဝိအမျိုးတို့၏ဝေစုကို မပေးကြသဖြင့် အမှုတော်ထမ်းသောလေဝိအမျိုးနှင့်သီချင်းသည်တို့သည် မိမိတို့လယ်ယာမြေအသီးသီးသို့ ပြန်သွားကြရသည်ကိုလည်း ငါသိရ၏။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။
အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။