ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ပို၍ဆိုးရွားလာသောကြောင့် အပြည်ပြည်၌ စားစရာမရှိတော့ပေ။ ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် အီဂျစ်ပြည်နှင့်ခါနာန်ပြည်သည် ဆင်းရဲဒုက္ခခံရလေ၏။
အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
အ စာ ခေါင်း ပါး ခြင်း ကပ် အ လွန် ကြီး ၍ အ ပြည် ပြည် စား ရာ မဲ့ ဖြစ် သော ကြောင့် အိ ဂျစ် ပြည် နှင့် ခါ နာန် ပြည် ငတ် မွတ် အား လျော့ ကြ ၏။
အလွန်အစာခေါင်းပါး၍ တစ်ပြည်လုံးစားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည်အားလျော့လေ၏။
ထိုအစားအစာတို့သည် အီဂျစ်ပြည်၌ဖြစ်လာမည့်ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်တွင် တိုင်းပြည်အတွက် အရန်သိုမှီးထားသောအစားအစာဖြစ်ရမည်။ သို့မှ တိုင်းပြည်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ပျက်စီးခြင်းသို့မရောက်ဘဲနေမည်”ဟု လျှောက်လေ၏။
အာဟပ်မင်းကြီးက ဩဗဒိအား “မြင်းနှင့်လားတို့အသက်ရှင်နိုင်ရန် မြက်ပင်ရလိုရငြား တိုင်းပြည်အနှံ့ရှိ စမ်းချောင်းပေါက်ရာနေရာ၊ မြစ်ချောင်းစီးရာနေရာရှိသမျှသို့ သွားကြည့်လော့။ သို့မဟုတ်လျှင် တိရစ္ဆာန်အချို့ကို ငါတို့သတ်ပစ်ရလိမ့်မည်”ဟု ဆို၏။
ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။
ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။