အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
ကမ္ဘာဦး 47:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောသပ်သည် ဖာရောမင်းကြီးထံသို့သွား၍ “အကျွန်ုပ်၏ဖခင်နှင့်ညီအစ်ကိုတို့သည် မိမိတို့၏သိုးဆိတ်များ၊ နွားများမှစ၍ သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့နှင့်တကွ ခါနာန်ပြည်မှဂေါရှင်အရပ်သို့ ယခုရောက်လာကြပါပြီ”ဟု လျှောက်ဆို၏။ Common Language Bible သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။- Garrad Bible ယော သပ် လည်း ဖာ ရော မင်း ထံ ဝင် ရောက်၍ ကျွန် တော် မျိုး၏ အ ဘ နှင့် ညီ အစ် ကို တို့ သည် သိုး၊ နွား၊ ဥ စ္စာ ရှိ သမျှ ပါ ခါ နာန် ပြည် မှ ထွက် လာ၍ ဂေါ ရှင် နယ် သို့ ဆိုက် ရောက် ကြ ပါ ပြီ ဟု တင် လျှောက် ပြီး လျှင်၊ Judson Bible ထိုစကားအတိုင်း ယောသပ်သည်ဖာရောမင်းထံသို့သွား၍၊ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟုလျှောက်သဖြင့်၊ |
အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
“ယောသပ်၏ညီအစ်ကိုတို့ရောက်နေကြ၏”ဟု ပြောဆိုသောသတင်းကို နန်းတော်မှဖာရောမင်းကြီး ကြားသောအခါ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် နှစ်သက်သဘောကျကြ၏။
ဂေါရှင်အရပ်သို့ ရောက်လာကြသောအခါ ယာကုပ်သည် ဂေါရှင်အရပ်၌ မိမိအား လာရောက်တွေ့ဆုံရန် ယောသပ်ထံသို့ယုဒကို အလျင်စေလွှတ်လိုက်၏။
ယောသပ်သည် မိမိ၏ညီအစ်ကိုတို့နှင့်မိမိဖခင်၏အိမ်သူအိမ်သားတို့အား “အကျွန်ုပ်သွား၍ ဖာရောမင်းကြီးနှင့်စကားပြောမည်။ သူ့အား ‘ခါနာန်ပြည်၌နေသော အကျွန်ုပ်၏ညီအစ်ကိုများနှင့်အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်ထံသို့ရောက်လာကြပါပြီ။
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
အမှန်စင်စစ် သန့်ရှင်းစေတော်မူသောအရှင်ဖြစ်စေ၊ သန့်ရှင်းစေခြင်းခံရသောသူတို့ဖြစ်စေ အားလုံးသည် တစ်ပါးတည်းထံမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူတို့ကို ညီအစ်ကိုများဟုခေါ်ရန် ရှက်တော်မမူဘဲ