ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
ကမ္ဘာဦး 46:20 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။ Common Language Bible ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။- Garrad Bible သြ န မြို့ ရှိ ပ ရော ဟိတ် ပေါ တိ ဖေ ရ သ မီး အာ သ နတ် ဖြင့် အိ ဂျစ် ပြည်၌ ယော သပ် ရ သော သား များ ကား မ နာ ရှေ နှင့် ဧ ဖ ရိမ် တို့ တည်း။ Judson Bible အဲဂုတ္တုပြည်၌ ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသောသား၊ မနာရှေနှင့် ဧဖရိမ်။ |
ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
တစ်ဖန် ထိုနေ့၌ အစ္စရေးသည် သူတို့အား “အစ္စရေးအမျိုးသားတို့သည် သင်တို့ကိုအစွဲပြု၍ ‘ဘုရားသခင်သည် သင့်ကို ဧဖရိမ်နှင့် မနာရှေကဲ့သို့ ဖြစ်စေတော်မူပါစေသော’ဟူ၍ အချင်းချင်း ကောင်းချီးပေးကြလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။ ထိုသို့ အစ္စရေးသည် ဧဖရိမ်ကို မနာရှေ၏ရှေ့၌ နေရာချလေ၏။
အာဝင်မြို့၊ ဖိဗေသက်မြို့ရှိ လုလင်ပျိုတို့သည် ဓားဘေးဖြင့် ကျဆုံးကြလိမ့်မည်။ မြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။
ယောသပ်၏သားဦးမနာရှေအမျိုးအနွယ်တို့ မဲချ၍ရရှိသောအမွေမြေမှာ ဤသို့ဖြစ်၏။ မနာရှေ၏သားဦး၊ ဂိလဒ်၏ဖခင် မာခိရသည် စစ်သူရဲဖြစ်၍ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည်ကို အမွေရ၏။