ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
ကမ္ဘာဦး 46:19 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်မယား ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။ Common Language Bible ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။- Garrad Bible ယာ ကုပ် မ ယား ရာ ခ လေ သား များ ကား ယော သပ် နှင့် ဗင်္ယာ မိန် တို့ တည်း။ Judson Bible ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။ |
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။
ထိုအခါ သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့ဖခင်က ‘ငါ့မယားသည် ငါ့အတွက် သားနှစ်ယောက်မွေးဖွားခဲ့ကြောင်း သင်တို့သိကြ၏။
ဤသူတို့ကား လာဗန်က မိမိသမီးလေအာအားလက်ဖွဲ့အဖြစ်ပေးသော ဇိလပ၏သားများဖြစ်ကြ၏။ ဇိလပသည် ယာကုပ်အတွက် ဤသားတစ်ဆယ့်ခြောက်ယောက်ကို မွေးဖွားပေး၏။
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
ယာကုပ်မှ ဆင်းသက်လာသောသူ စုစုပေါင်း အယောက်ခုနစ်ဆယ်ရှိ၏။ ယောသပ်ကား အီဂျစ်ပြည်၌ရှိနှင့်၏။