ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
ကမ္ဘာဦး 45:27 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယောသပ်ပြောသောစကားအလုံးစုံကို ယာကုပ်အားပြောပြပြီး သူ့ကိုခေါ်ဆောင်ရန်အတွက် ယောသပ်ပေးလိုက်သောလှည်းများကိုမြင်သောအခါမှ သူတို့၏ဖခင်ယာကုပ်သည် သတိပြန်ဝင်လာလေ၏။ Common Language Bible သို့ရာတွင်သားတို့ကယောသပ်ပြောသမျှ စကားတို့ကိုသူ့အားပြန်ပြောကြသော အခါနှင့်၊ သူ့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် လာရန်ယောသပ်ကပို့လိုက်သောလှည်းများ ကိုမြင်ရသောအခါ သူသည်အံ့အားသင့် ရာမှပြန်လည်သတိရလျက်၊- Garrad Bible ယော သပ် မှာ သ မျှ စ ကား ကို သူ တို့ ပြန် ကြား ကြ ရာ အ ဘ ယာ ကုပ် သည် ကိုယ် စီး ရန် ယော သပ် ပို့ လိုက် သော လှည်း များ ကို မြင် ရ သော အ ခါ စိတ် အား တက် ပြန် သ ဖြင့်၊ တော် လှ ပြီ။ ငါ့ သား ယော သပ် ရှိ သေး ၏။ Judson Bible သူတို့သည်လည်း ယောသပ်ပြောသမျှသောစကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိစီးစရာဖို့ ယောသပ်ပေးလိုက်သောလှည်းတို့ကို မြင်သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။ |
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
ထိုအခါ အစ္စရေးက “လုံလောက်ပြီ။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွားတွေ့မည်”ဟု ဆိုလေ၏။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
ဝေးလံသောပြည်မှ ရောက်လာသောသတင်းကောင်းသည် မောပန်းသောစိတ်ဝိညာဉ်အတွက် အေးမြသောရေကဲ့သို့ဖြစ်၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
ထိုအခါ ဘုရားသခင်သည် လေဟိအရပ်၌ ချိုင့်ခွက်တစ်ခုပေါ်လာစေ၍ ရေထွက်လာစေ၏။ ရှံဆုန်သည် ထိုရေကိုသောက်သောအခါ ခွန်အားပြည့်၍ ပြန်လည်လန်းဆန်းလာ၏။ ထိုနေရာကို အန်ဟက္ကောရ ဟုခေါ်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိ၏။
သူသည် သုံးရက်သုံးညတိုင်တိုင် အစာကိုမစားရ၊ ရေကိုမသောက်ရသဖြင့် သူ့အား သဖန်းပျဉ်အနည်းငယ်နှင့် စပျစ်သီးခြောက်နှစ်ခိုင်တို့ကို ကျွေးရာ သူသည် စား၍ အားပြန်ပြည့်လာ၏။