သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။
ကမ္ဘာဦး 45:25 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ပြန်ရောက်ကြသောအခါ Common Language Bible သူတို့သည်အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန် ပြည်ရှိအဖထံသို့ရောက်လာကြ၏။- Garrad Bible ထို သို့ အိ ဂျစ် ပြည် မှ ထွက် သွား၍ ခါ နာန် ပြည် ရှိ အ ဘ ယာ ကုပ် ထံ ရောက် ကြ လျှင်၊ Judson Bible ထိုသို့အဲဂုတ္တုပြည်မှထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊ |
သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။
ထို့နောက် ယောသပ်သည် သူ၏ညီအစ်ကိုတို့ကိုလွှတ်လိုက်၍ သူတို့ထွက်သွားသောအခါ သူတို့အား “လမ်းခရီး၌ ခိုက်ရန်မဖြစ်ကြနှင့်”ဟု မှာလိုက်၏။
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။