ထို့ပြင် မိမိဖခင်ထံသို့ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာများကို တင်ဆောင်သောမြည်းဆယ်ကောင်ကိုလည်းကောင်း၊ လမ်းခရီးတွင် ဖခင်စားရန် ဂျုံစပါး၊ မုန့်၊ စားနပ်ရိက္ခာကိုတင်ဆောင်သော မြည်းမဆယ်ကောင်ကိုလည်းကောင်း ပို့ပေးလိုက်၏။
သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။-
ထို နည်း တူ အ ဘ အ ဖို့ လည်း အိ ဂျစ် ပြည် ထွက် အ ထူး အ မြတ် ကို တင် ဆောင် သော မြည်း တစ် ဆယ်၊ စ ပါး၊ မုန့် မှ စ သော လမ်း ရိ က္ခာ တင် ဆောင် သော မြည်း မ တစ် ဆယ် များ ကို ပို့ လိုက်၍၊
အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌အဘစားစရာဖို့ စပါး၊ မုန့်၊ ခဲဖွယ်စားဖွယ်များကို ဆောင်သောမြည်းတစ်ဆယ်ကိုပေးလိုက်၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
ထို့နောက် ယောသပ်သည် သူ၏ညီအစ်ကိုတို့ကိုလွှတ်လိုက်၍ သူတို့ထွက်သွားသောအခါ သူတို့အား “လမ်းခရီး၌ ခိုက်ရန်မဖြစ်ကြနှင့်”ဟု မှာလိုက်၏။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။