ကမ္ဘာဦး 45:23 - Common Language Bible23 သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ထို နည်း တူ အ ဘ အ ဖို့ လည်း အိ ဂျစ် ပြည် ထွက် အ ထူး အ မြတ် ကို တင် ဆောင် သော မြည်း တစ် ဆယ်၊ စ ပါး၊ မုန့် မှ စ သော လမ်း ရိ က္ခာ တင် ဆောင် သော မြည်း မ တစ် ဆယ် များ ကို ပို့ လိုက်၍၊ အခန်းကိုကြည့်ပါ။Judson Bible23 အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌အဘစားစရာဖို့ စပါး၊ မုန့်၊ ခဲဖွယ်စားဖွယ်များကို ဆောင်သောမြည်းတစ်ဆယ်ကိုပေးလိုက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ထို့ပြင် မိမိဖခင်ထံသို့ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာများကို တင်ဆောင်သောမြည်းဆယ်ကောင်ကိုလည်းကောင်း၊ လမ်းခရီးတွင် ဖခင်စားရန် ဂျုံစပါး၊ မုန့်၊ စားနပ်ရိက္ခာကိုတင်ဆောင်သော မြည်းမဆယ်ကောင်ကိုလည်းကောင်း ပို့ပေးလိုက်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။