သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
ကမ္ဘာဦး 44:30 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့် Common Language Bible ``သို့ဖြစ်၍ကျွန်တော်သည်သူငယ်မပါဘဲနှင့် အဖထံသို့ပြန်ရောက်လျှင် အဖကကျွန်တော် တို့နှင့်အတူသူငယ်မပါလာကြောင်းသိရသော် သူသည်မုချသေရပါလိမ့်မည်။ ဖခင်သည်ဤ သူငယ်ကြောင့်သာအသက်ရှင်လျက်ရှိပါသည်။ ကျွန်တော်တို့သည်ဖခင်အိုအားယူကြုံးမရ ဝမ်းနည်းလျက်သေစေအောင်ပြုလုပ်ရာရောက် ပါမည်။- Garrad Bible သို့ ဖြစ်၍ ကျွန် တော် မျိုး တို့ သည် အ ဘ ဖြစ် သူ အ ရှင့် ကျွန့် ထံ သို့ ပြန် ရောက် သော အ ခါ ဤ သူ ငယ် မ ပါ လျှင် ထို သူ နှစ် ဦး တို့ တစ် သက် တည်း ရှိ သော ကြောင့်၊ Judson Bible သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ |
သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
အကျွန်ုပ်တို့ကလည်း သခင့်အား ‘အကျွန်ုပ်တို့၌ အသက်ကြီးပြီဖြစ်သောဖခင်နှင့် ဖခင်အသက်ကြီးမှရသောသားအငယ်ဆုံးတစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုကား သေဆုံးသွားပါပြီ။ သူ့မိခင်ဖွားသောသားတွင် သူတစ်ယောက်တည်းကျန်ပါ၏။ သူ့ဖခင်သည် သူ့ကိုချစ်ပါ၏’ဟု ဖြေကြားခဲ့ပါ၏။
အကျွန်ုပ်တို့ကလည်း သခင့်အား ‘သူငယ်သည် အဖေ့ကိုထားခဲ့၍မရပါ။ အဖေ့ကို ထားခဲ့လျှင် အဖေသေပါလိမ့်မည်’ဟု လျှောက်ကြပါ၏။
သူငယ်မပါသည်ကိုသိမြင်သောအခါ အဖေသည် သေပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် သခင့်အစေအပါးဖြစ်သော ဆံပင်ဖြူသူအကျွန်ုပ်တို့ဖခင်ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်။
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။