ကမ္ဘာဦး 44:30 - Common Language Bible30-31 ``သို့ဖြစ်၍ကျွန်တော်သည်သူငယ်မပါဘဲနှင့် အဖထံသို့ပြန်ရောက်လျှင် အဖကကျွန်တော် တို့နှင့်အတူသူငယ်မပါလာကြောင်းသိရသော် သူသည်မုချသေရပါလိမ့်မည်။ ဖခင်သည်ဤ သူငယ်ကြောင့်သာအသက်ရှင်လျက်ရှိပါသည်။ ကျွန်တော်တို့သည်ဖခင်အိုအားယူကြုံးမရ ဝမ်းနည်းလျက်သေစေအောင်ပြုလုပ်ရာရောက် ပါမည်။- အခန်းကိုကြည့်ပါ။Garrad Bible30 သို့ ဖြစ်၍ ကျွန် တော် မျိုး တို့ သည် အ ဘ ဖြစ် သူ အ ရှင့် ကျွန့် ထံ သို့ ပြန် ရောက် သော အ ခါ ဤ သူ ငယ် မ ပါ လျှင် ထို သူ နှစ် ဦး တို့ တစ် သက် တည်း ရှိ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible30 သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 သို့ဖြစ်၍ အကျွန်ုပ်သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်ဖခင်ထံသို့ပြန်ရောက်သောအခါ အကျွန်ုပ်တို့နှင့်အတူ သူငယ်မပါလျှင် အဖေ၏အသက်သည် သူငယ်၏အသက်နှင့်နှောင်ဖွဲ့ရစ်ပတ်လျက်ရှိသောကြောင့် အခန်းကိုကြည့်ပါ။ |
ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-