ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။
ကမ္ဘာဦး 44:14 - မြန်မာ့စံမီသမ္မာကျမ်း ယုဒနှင့်သူ၏ညီအစ်ကိုတို့သည် ယောသပ်၏အိမ်သို့ပြန်ရောက်သောအခါ ယောသပ်သည် အိမ်၌ပင်ရှိနေသေး၍ သူတို့သည် ယောသပ်ရှေ့၌ ညွတ်တွားပျပ်ဝပ်ကြ၏။ Common Language Bible ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။- Garrad Bible ယု ဒ သည် ညီ အစ် ကို တို့ ပါ ယော သပ် အိမ် သို့ ဝင် လျှင် အိမ်၌ သူ ရှိ သေး သည် နှင့် ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး ကြ၏။ Judson Bible ယုဒနှင့် ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာပျပ်ဝပ်လျက် နေကြ၏။ |
ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။
သူတို့သည် ယောသပ်အိမ်၌ နေ့လယ်စာစားရမည်ကို ကြားသိထားသဖြင့် ယောသပ်ရောက်မလာမီ လက်ဆောင်ကိုပြင်ဆင်ထားကြ၏။
ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။