အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
ကမ္ဘာဦး 43:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “သခင့်အစေအပါးအကျွန်ုပ်တို့၏ဖခင်သည် ကျန်းမာပါ၏။ အသက်ရှင်ပါသေး၏”ဟု ပြန်လျှောက်ပြီးလျှင် ဦးညွှတ်ပျပ်ဝပ်ကြ၏။ Common Language Bible သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။ Garrad Bible သူ တို့ သည် ထပ် မံ ဦး ညွှတ် ရှိ ခိုး လျက် အ ရှင့် ကျွန်၊ ကျွန် တော် မျိုး တို့ အ ဘ ကျန်း မာ လျက် အ သက် ရှင် ပါ သေး သည် ဟု လျှောက် ကြ၏။ Judson Bible သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။ |
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
ယောသပ်အိမ်သို့ပြန်ရောက်သောအခါ သူတို့သည် မိမိတို့၏လက်ဆောင်ကို အိမ်ထဲသို့ယူဆောင်လာ၍ ယောသပ်ရှေ့၌ ပျပ်ဝပ်ကြ၏။
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
ဗာသရှေဘသည် ရှင်ဘုရင်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်လျှင် ရှင်ဘုရင်က “အဘယ်အကြောင်းရှိသနည်း”ဟု မေး၏။
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။