အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ကမ္ဘာဦး 43:16 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။ Common Language Bible ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။- Garrad Bible သူ တို့ နှင့် အ တူ ဗင်္ယာ မိန် ကို ယော သပ် မြင် လျင် အိမ် အုပ် ဘ ဏ္ဍာ စိုး အား၊ ထို သူ တို့ ကို အိမ် သို့ ခေါ် သွား၍ ဟင်း ကောင် များ ကို စီ ရင် ပြင် ဆင် လော့။ သူ တို့ သည် ငါ နှင့် အ တူ မွန်း တည့် အ ချိန် စား ပွဲ ထိုင် ကြ လိမ့် မည် ဟု မှာ ထား သည့် အ တိုင်း၊ Judson Bible သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊ |
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ကလေးသည် ကြီးလာ၍ နို့ပြတ်လေ၏။ ဣဇက်နို့ပြတ်သောနေ့၌ အာဗြဟံသည် ကြီးကျယ်ခမ်းနားသောစားသောက်ပွဲကျင်းပလေ၏။
ထို့နောက် ယာကုပ်သည် တောင်ပေါ်၌ယဇ်ကောင်ကိုပူဇော်၍ အစားအစာစားသောက်ရန် မိမိ၏ဆွေမျိုးသားချင်းတို့ကိုဖိတ်ခေါ်လေ၏။ သူတို့သည်လည်း အစားအစာစားသောက်ပြီးလျှင် တောင်ပေါ်၌ ညအိပ်နားကြ၏။
သို့ဖြစ်၍ အိမ်ထိန်းသည် ယောသပ်မှာကြားသည့်အတိုင်း ပြု၏။ သူတို့ကိုလည်း ယောသပ်၏အိမ်သို့ခေါ်ဆောင်သွား၏။
ထို့နောက် ယောသပ်သည် မိမိ၏အိမ်ထိန်းအား “သူတို့အိတ်များထဲ၌ သူတို့သယ်နိုင်သမျှအစားအစာကို အပြည့်ဖြည့်လော့။ သူတို့အသီးသီး၏ငွေကိုလည်း သူတို့အိတ်ဝ၌ပြန်ထည့်ပေးလော့။
သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
သိုးမွေးညှပ်သူတို့အတွက် ငါပြင်ဆင်ပေးထားသော မုန့်၊ ရေနှင့် အသားတို့ကိုယူပြီး မည်သည့်အရပ်မှလာသည်ကို ငါမသိသောသူတို့အား ပေးရမည်လော”ဟု ပြန်ပြော၏။