ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
ကမ္ဘာဦး 42:34 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။ Common Language Bible သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။ Garrad Bible သို့ မှ သင် တို့ သည် သူ လျှို မ ဟုတ်။ လူ ရိုး လူ ကောင်း မှန် သည် ကို ငါ သိ ရ သ ဖြင့် ညီ အစ် ကို ကို အပ် မည်။ သင် တို့ လည်း ပြည် တော်၌ ကူး သန်း ရောင်း ဝယ် ခွင့် ရ ကြ လိမ့် မည် ဟု ဆို ကြောင်း အ ဘ အား လျှောက် ကြား ကြ၏။ Judson Bible အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ်၊ ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကို ကိုလည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊ |
ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။
“ဤသူတို့သည် ငါတို့နှင့်ခင်မင်ရင်းနှီးသောသူများဖြစ်ကြ၏။ သူတို့သည် ဤပြည်၌နေထိုင်၍ ရောင်းဝယ်ဖောက်ကားကြပါစေ။ ဤပြည်သည် သူတို့နေသာအောင် ကျယ်ဝန်း၏။ သူတို့၏သမီးတို့ကို ငါတို့၏မယားအဖြစ်ယူ၍ ငါတို့၏သမီးတို့ကိုလည်း သူတို့အား ပေးစားကြစို့။
သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။
သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။