ကမ္ဘာဦး 34:10 - မြန်မာ့စံမီသမ္မာကျမ်း10 သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ငါ တို့ ပြည် သည် သင် တို့ ရှေ့ တွင် ရှိ သည် ဖြစ်၍ ငါ တို့ နှင့် အ တူ နေ ကြ လော့။ ကူး သန်း ရောင်း ဝယ်၍ ဤ ပြည် တွင် အ ပိုင် ရ ယူ ကြ လော့ ဟု ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သင်တို့သည်ငါတို့နှင့်အတူနေ၍၊ ဤပြည်၌အဆီးအတားမရှိ၊ နေရာချလျက်၊ ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍၊ အပိုင်ယူကြလော့ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။