သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
ကမ္ဘာဦး 42:24 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။ Common Language Bible ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။ Garrad Bible ယော သပ် သည် သူ တို့ ထံ မှ လှည့် သွား ၍ ငို လေ ၏။ တစ် ဖန် ပြန် လာ မြွက် ဆို ပြီး လျှင် ရှိ မောင် ကို ရွေး ကောက် လျက် သူ တို့ ရှေ့ တွင် ချည် နှောင် လေ ၏။ Judson Bible ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွာ၍ငိုလေ၏။ တစ်ဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ |
သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
ယောသပ်သည် သူတို့ကို စကားပြန်နှင့်ပြောသောကြောင့် သူတို့စကားကို ယောသပ်နားလည်ကြောင်း သူတို့မသိကြ။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
ထိုအခါ အိမ်ထိန်းက “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်တို့၏ဘုရားသခင်၊ သင်တို့အဖ၏ဘုရားသခင်သည် သင်တို့၏အိတ်များထဲ၌ သင်တို့အတွက်ဘဏ္ဍာကို ထည့်ပေးတော်မူပြီ။ သင်တို့၏ငွေကိုကား ငါရရှိပြီ”ဟု ဆိုပြီးလျှင် ရှိမောင်ကို သူတို့ထံသို့ခေါ်ဆောင်ခဲ့၏။
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ထိုအခါ ယောသပ်သည် မိမိအနား၌ရပ်နေသောသူအပေါင်းတို့ရှေ့တွင် မိမိစိတ်ကို မထိန်းနိုင်သဖြင့် “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဟစ်အော်လေ၏။ ဤသို့ဖြင့် ယောသပ်သည် သူ့အနား၌ အခြားမည်သူတစ်ယောက်မျှမရှိသောအခါ မိမိညီအစ်ကိုတို့အား မိမိမည်သူဖြစ်ကြောင်း ပြောပြ၏။
သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။