ကမ္ဘာဦး 43:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထိုအခါ အိမ်ထိန်းက “စိတ်အေးအေးထားပါ။ မကြောက်နှင့်။ သင်တို့၏ဘုရားသခင်၊ သင်တို့အဖ၏ဘုရားသခင်သည် သင်တို့၏အိတ်များထဲ၌ သင်တို့အတွက်ဘဏ္ဍာကို ထည့်ပေးတော်မူပြီ။ သင်တို့၏ငွေကိုကား ငါရရှိပြီ”ဟု ဆိုပြီးလျှင် ရှိမောင်ကို သူတို့ထံသို့ခေါ်ဆောင်ခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible23 အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible23 စိတ် အေး ကြ လော့။ သင် တို့ ဘု ရား၊ သင် တို့ အ ဘ၏ ဘု ရား သ ခင် သည် အိတ် များ တွင် ဘ ဏ္ဍာ ကို သွင်း ပေး တော် မူ ပြီ။ ချေ ပေး သော ငွေ ကား ငါ ရ ပြီ ဟု ဆို လျက် ရှိ မောင် ကို ထုတ် အပ် သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible23 ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့အဘ၏ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးကို စစ်တိုက်သွားသောအခါ ဒါဝိဒ်လည်း လိုက်ပါရာ မနာရှေအမျိုးအချို့တို့သည် ဒါဝိဒ်ထံရောက်လာကြ၏။ သို့သော် ဖိလိတ္တိမင်းကြီးတို့က “သူသည် သူ့သခင်ရှောလုမင်းကြီးနှင့် ပြန်ပေါင်းပြီး ငါတို့ခေါင်းကို အပ်ကောင်းအပ်လိမ့်မည်”ဟု အချင်းချင်းတိုင်ပင်ကြပြီး ဒါဝိဒ်ကိုပြန်လွှတ်လိုက်သဖြင့် ဒါဝိဒ်သည် သူတို့ကို စစ်ကူမတိုက်ဖြစ်ခဲ့ဘဲ