ထို့ကြောင့် ထိုမင်းမှုထမ်းတို့ကို ယောသပ်အချုပ်အနှောင်ခံရာအကျဉ်းထောင်ဖြစ်သည့် ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းချထားလေ၏။
ကမ္ဘာဦး 42:19 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။ Common Language Bible သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။- Garrad Bible လူ ရိုး လူ ကောင်း မှန် ကြ လျှင် ညီ အစ် ကို ဖြစ် သော သင် တို့ အ နက် တစ် ယောက် ကို နှောင် အိမ် တွင် အ ကျဉ်း ခံ စေ လျက် အိမ် သူ အိမ် သား တို့ မွတ် သိပ် ခြင်း ကင်း စေ ရန် စ ပါး ကို ယူ သွား ပြီး သော်၊ Judson Bible သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။ |
ထို့ကြောင့် ထိုမင်းမှုထမ်းတို့ကို ယောသပ်အချုပ်အနှောင်ခံရာအကျဉ်းထောင်ဖြစ်သည့် ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းချထားလေ၏။
မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သောအခါ ယောသပ်သည် သိုလှောင်ရုံရှိသမျှတို့ကိုဖွင့်၍ အီဂျစ်ပြည်သားတို့အား အစားအစာကိုရောင်းချပေး၏။ အီဂျစ်ပြည်၌ ကျရောက်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။
ထိုပြည်၏အရှင်သခင်ကလည်း အကျွန်ုပ်တို့အား ‘သင်တို့သည် ရိုးသားသောသူများဖြစ်ကြောင်းကို ဤသို့ဖြင့် ငါသိရလိမ့်မည်။ သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို ငါ့ထံ၌ထားခဲ့လော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူ၍ ပြန်သွားကြလော့။
ထို့ပြင် မိမိဖခင်ထံသို့ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာများကို တင်ဆောင်သောမြည်းဆယ်ကောင်ကိုလည်းကောင်း၊ လမ်းခရီးတွင် ဖခင်စားရန် ဂျုံစပါး၊ မုန့်၊ စားနပ်ရိက္ခာကိုတင်ဆောင်သော မြည်းမဆယ်ကောင်ကိုလည်းကောင်း ပို့ပေးလိုက်၏။
ဤလူမျိုးသည် သိမ်းသွားခြင်းခံရ၏။ တိုက်ခိုက်လုယက်ခြင်းခံရ၏။ သူတို့အားလုံးသည် တွင်းထဲ၌ ထောင်ချောက်မိ၏။ ထောင်ထဲတွင် လှောင်ထားခြင်းခံရ၏။ သူတို့သည် သားကောင်ကဲ့သို့ဖြစ်၍ ကယ်နုတ်မည့်သူမရှိ။ လုယက်ပစ္စည်းဖြစ်၍ “ပြန်ပေးလော့”ဟု ပြောမည့်သူမရှိ။
သင်သည် မျက်မမြင်တို့အား မျက်စိမြင်စေမည်။ အကျဉ်းသားတို့ကို အကျဉ်းထောင်ထဲမှလည်းကောင်း၊ ထောင်အမှောင်ခန်းထဲ၌ ထိုင်နေသောသူတို့ကိုလည်းကောင်း လွတ်မြောက်စေမည်။
မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။