သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။
ကမ္ဘာဦး 42:11 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။ Common Language Bible ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။ Garrad Bible ကျွန် တော် မျိုး ရှိ သ မျှ တို့ သည် တစ် ဘ တည်း သား၊ လူ ရိုး လူ ကောင်း များ ဖြစ် ကြ ပါ ၏။ သူ လျှို မ ဟုတ် ရ ပါ ဟု လျှောက် ကြ ၏။ Judson Bible ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။ |
သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။
သင်တို့၏စကားမှန်သည်၊ မမှန်သည်ကိုစစ်ဆေးရန် သင်တို့သည် အကျဉ်းချခံရမည်။ သို့သော် သင်တို့ထဲမှ တစ်ယောက်ကိုစေလွှတ်၍ သူသည် သင်တို့၏ညီကိုခေါ်ဆောင်လာပါစေ။ သို့မဟုတ်လျှင် သင်တို့သည် သူလျှိုများဖြစ်ကြသည်ဟု ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ ငါပြောသည်”ဟု သူတို့အား ဆိုပြီးလျှင်
သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။
သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
သူတို့ကလည်း “ထိုသူက ‘သင်တို့၏ဖခင်အသက်ရှင်သေးသလော။ သင်တို့၌ညီရှိသလော’ဟု ဆိုလျက် အကျွန်ုပ်တို့အကြောင်း၊ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းသောကြောင့် အကျွန်ုပ်တို့သည် ထိုစကားများအလိုက် သူ့ကိုပြန်ဖြေရပါ၏။ ‘သင်တို့ညီကိုခေါ်ဆောင်ခဲ့လော့’ဟု သူပြောလိမ့်မည်ကို အကျွန်ုပ်တို့အမှန်သိနိုင်ပါမည်လော”ဟု ပြန်ပြောကြ၏။
မိမိဆန္ဒအလျောက်ဟောပြောသောသူသည် မိမိ၏ဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်သောအရှင်၏ဘုန်းအသရေကိုရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်ပြီး ထိုသူ၌မတရားမှုမရှိ။
အလွန်သည်းခံခြင်း၌ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်း၌ဖြစ်စေ၊ ခက်ခဲကျပ်တည်းခြင်း၌ဖြစ်စေ၊ နာကျင်ခြင်းဝေဒနာ၌ဖြစ်စေ၊