ကမ္ဘာဦး 42:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible19 သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible19 လူ ရိုး လူ ကောင်း မှန် ကြ လျှင် ညီ အစ် ကို ဖြစ် သော သင် တို့ အ နက် တစ် ယောက် ကို နှောင် အိမ် တွင် အ ကျဉ်း ခံ စေ လျက် အိမ် သူ အိမ် သား တို့ မွတ် သိပ် ခြင်း ကင်း စေ ရန် စ ပါး ကို ယူ သွား ပြီး သော်၊ အခန်းကိုကြည့်ပါ။Judson Bible19 သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။ အခန်းကိုကြည့်ပါ။ |