ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ကမ္ဘာဦး 41:16 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။ Common Language Bible ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။ Garrad Bible ယော သပ် က၊ ထို သို့ မ ဟုတ် ပါ။ ဘု ရား သ ခင် သည် အ ရှင် မင်း ကြီး အား သက် သာ ခြင်း အ ဖြေ ကို သ နား တော် မူ ပါ လိမ့် မည် ဟု ဆို၏။ Judson Bible ယောသပ်ကလည်း၊ ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။ |
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “ငါ့အိပ်မက်ထဲ၌ ငါသည် နိုင်းမြစ်ကမ်းစပ်တွင် ရပ်လျက်နေ၏။
ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။
ထိုအခါ သူက ငါ့အား “ဤကား ဇေရုဗဗေလထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် ဖြစ်၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘စစ်သည်ဗိုလ်ခြေကြောင့် မဟုတ်။ အစွမ်းတန်ခိုးကြောင့်မဟုတ်။ ငါ့ဝိညာဉ်အားဖြင့်သာ ဖြစ်၏။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
“သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
ပေတရုသည် ဤအခြင်းအရာကိုမြင်လျှင် “အစ္စရေးအမျိုးသားတို့၊ အဘယ်ကြောင့် ဤအမှုအရာကို အံ့သြကြသနည်း။ ထို့ပြင် ငါတို့သည် မိမိတို့တန်ခိုး၊ မိမိတို့အကျင့်သီလအားဖြင့် ဤသူလမ်းလျှောက်နိုင်ရန် လုပ်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်နေကြသနည်း။
ထိုသူ၏လက်ယာလက်ကိုဆုပ်ကိုင်၍ ထူမလိုက်ရာ သူ၏ခြေနှင့်ခြေကျင်းဝတ်တို့သည် ချက်ချင်းသန်မာလာသဖြင့်
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
ဝှက်ထားသောအရာများသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့်ဆိုင်၏။ ဖော်ပြထားသော ဤတရားစကားရှိသမျှကိုလိုက်နာခြင်းသည် ငါတို့မှစ၍ ငါတို့၏သားစဉ်မြေးဆက်များနှင့်ဆိုင်၏။