နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။
ကမ္ဘာဦး 40:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောသပ်သည် မိမိသခင့်အိမ်၌ မိမိနှင့်အတူအကျဉ်းချခံနေရသော ဖာရောမင်းကြီး၏မင်းမှုထမ်းတို့အား “ယနေ့ အဘယ်ကြောင့်မျက်နှာညှိုးငယ်နေကြသနည်း”ဟု မေး၏။ Common Language Bible ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။ Garrad Bible ယ နေ့ အ ဘယ် ကြောင့် မျက် နှာ မ သာ ရှိ ကြ သ နည်း ဟု သူ နှင့် အ တူ သ ခင့် အိမ် တွင် အ ကျဉ်း ခံ ရ သော ဖာရော မင်း၏ အ မတ် တို့ အား မေး၏။ Judson Bible သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူအချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။ |
နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
ထိုအခါ ရှင်ဘုရင်က “သင်ကျန်းမာပါလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်နေရသနည်း။ ဝမ်းနည်းစရာအကြောင်း ရှိနေသည်မဟုတ်လော”ဟု ငါ့အား မေးတော်မူလျှင် ငါသည် အလွန်ကြောက်ရွံ့လျက်
ကိုယ်တော်ကလည်း“သင်တို့သည် လမ်းသွားရင်း မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း”ဟု မေးတော်မူရာ သူတို့သည် မျက်နှာညှိုးငယ်လျက်ရပ်နေကြ၏။
မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
သူ၏ခင်ပွန်းဧလကာနကလည်း “ဟန္န၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ အဘယ်ကြောင့် မစားမသောက်ဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ဆင်းရဲနေသနည်း။ ငါသည် သင့်အပေါ် သားဆယ်ယောက်ထက် ပို၍ကောင်းသည်မဟုတ်လော”ဟု သူ့အား ဆို၏။