ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ကမ္ဘာဦး 4:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကာဣနသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ ဧနောက်ကိုမွေးဖွားလေ၏။ ကာဣနသည် မြို့ကို တည်သောအခါ မိမိသား၏အမည်ကိုအစွဲပြု၍ ထိုမြို့၏အမည်ကို ဧနောက်မြို့ ဟုခေါ်၏။ Common Language Bible ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။- Garrad Bible မ ယား နှင့် ဆက် ဆံ သ ဖြင့် မ ယား သ န္ဓေ စွဲ ယူ၍ သား ဧ နောက် ကို ဖွား မြင် လေ ၏။ မြို့ ကို လည်း ကာ ဣ န တည် ၍ ဧ နောက် မြို့ ဟု သား၏ အ မည် ကို စွဲ လျက် မှည့် ခေါ် လေ ၏။ Judson Bible ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကိုဖွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍ မိမိသား၏အမည်အလိုက်၊ ထိုမြို့ကိုဧနောက်မြို့ဟု သမုတ်လေ၏။ |
ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
ဧနောက်သည် သားဣရဒ်ကိုရ၏။ ဣရဒ်သည် သားမဟုယေလကိုရ၏။ မဟုယေလသည် သားမသုရှလကိုရ၏။ မသုရှလသည် သားလာမက်ကိုရ၏။
မသုရှလကိုရပြီးနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် အခြားသောသားသမီးများကိုရသေး၏။
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည် မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
သို့သော် လူသည် ဂုဏ်အရှိန်အဝါ၌ တည်မြဲရသည်မဟုတ်။ သူသည် သေကျေပျက်စီးတတ်သောတိရစ္ဆာန်နှင့်တူ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။