ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင်
ကမ္ဘာဦး 39:16 - မြန်မာ့စံမီသမ္မာကျမ်း သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။ Common Language Bible ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊- Garrad Bible အိမ် သို့ သ ခင် ပြန် ရောက် သည့် တိုင် အောင် ၎င်း အ ဝတ် ကို အ ပါး တွင် ထား လျက်၊ Judson Bible သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ထားလေ၏။ |
ထိုသို့ ငါအသံကုန်အော်ဟစ်သည်ကို သူကြားသောအခါ သူ့အဝတ်ကို ငါ့လက်၌စွန့်ထားခဲ့၍ အပြင်သို့ပြေးထွက်သွားလေ၏”ဟု ဆိုပြီးလျှင်
ထိုစကားအတိုင်းပင် သခင်အား “အကျွန်ုပ်တို့ထံသို့ သခင်ခေါ်လာခဲ့သော ဤဟေဗြဲကျွန်သည် ကျွန်မထံသို့ဝင်လာ၍ ကျွန်မကို စော်ကားပါပြီ။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။