တာမာသည် ထသွား၍ မိမိကိုယ်ပေါ်မှ ခြုံပဝါကိုချွတ်ပြီးလျှင် မုဆိုးမအဝတ်ကိုပြန်ဝတ်၏။
တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
ထို နောက် ထ ၍ ဖုံး အုပ် သော ပ ဝါ ကို ချွတ် ပြီး လျှင် မု ဆိုး မ အ ဝတ် ကို ဝတ် မြဲ ဝတ် ပြန် လေ၏။
ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။
ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။
ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
ထိုအခါ ရှင်ဘုရင်က သူ့အား “သင်၌ အဘယ်အမှုရောက်နေသနည်း”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် ခင်ပွန်းသည်ဆုံးသွားသော မုဆိုးမတစ်ဦးဖြစ်ပါ၏။