ယုဒကလည်း “သိုးဆိတ်တို့ထဲမှ ဆိတ်သငယ်တစ်ကောင်ကိုပို့ပေးမည်”ဟု ဆိုသော် သူက “သင်မပို့ပေးမီ အာမခံပစ္စည်းကိုသာ ပေးထားပါ”ဟု ဆို၏။
ကမ္ဘာဦး 38:18 - မြန်မာ့စံမီသမ္မာကျမ်း ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။ Common Language Bible သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။- Garrad Bible ယု ဒ က၊ မည် သည့် အ ရာ ကို ပေါင် ထား ရ အံ့ နည်း ဟု မေး သော် တံ ဆိပ်၊ စ လွယ် နှင့် လက် ကိုင် တောင် ဝေး များ ကို ပေါင် ထား လော့ ဟု ဆို သည့် အ တိုင်း တောင်း ရာ ကို အပ် ပေး ၍ ဝင် ရောက် ရ သ ဖြင့် သူ သည် သ န္ဓေ ရ လေ၏။ Judson Bible ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝှေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။ |
ယုဒကလည်း “သိုးဆိတ်တို့ထဲမှ ဆိတ်သငယ်တစ်ကောင်ကိုပို့ပေးမည်”ဟု ဆိုသော် သူက “သင်မပို့ပေးမီ အာမခံပစ္စည်းကိုသာ ပေးထားပါ”ဟု ဆို၏။
တာမာသည် ထသွား၍ မိမိကိုယ်ပေါ်မှ ခြုံပဝါကိုချွတ်ပြီးလျှင် မုဆိုးမအဝတ်ကိုပြန်ဝတ်၏။
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
သင့်ချွေးမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်သား၏မယားဖြစ်၏။ သူနှင့်ဆက်ဆံခြင်းကိုမပြုရ။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။