ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
ကမ္ဘာဦး 38:17 - မြန်မာ့စံမီသမ္မာကျမ်း ယုဒကလည်း “သိုးဆိတ်တို့ထဲမှ ဆိတ်သငယ်တစ်ကောင်ကိုပို့ပေးမည်”ဟု ဆိုသော် သူက “သင်မပို့ပေးမီ အာမခံပစ္စည်းကိုသာ ပေးထားပါ”ဟု ဆို၏။ Common Language Bible သူက``ငါ၏တိရစ္ဆာန်ထဲမှဆိတ်ငယ်တစ်ကောင် ကိုပို့လိုက်မည်'' ဟုပြန်ဖြေ၏။ မိန်းမက``ဆိတ်ငယ်ကိုမပို့သေးမီအာမခံပေး လျှင် သဘောတူပါမည်''ဟုဆို၏။ Garrad Bible ယု ဒ က၊ ဆိတ် ငယ် တစ် ကောင် ကို ပို့ လိုက် မည် ဟု ဆို ရာ၊ မ ပို့ လိုက် မီ တစ် စုံ တစ် ရာ ကို ပေါင် ထား မည် လော ဟု မေး လျှင်၊ Judson Bible ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မီ တစ်စုံတစ်ခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊ |
ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
ယုဒက “သင့်အား မည်သည့်အာမခံပစ္စည်းကို ငါပေးရမည်နည်း”ဟု မေးလျှင် သူက “သင်၏တံဆိပ်၊ သင်၏ကြိုး၊ သင်ကိုင်ဆောင်သောတောင်ဝှေး”ဟု ဆို၏။ ယုဒသည်လည်း ထိုပစ္စည်းတို့ကို သူ့အားပေးပြီး သူ့ထံသို့ဝင်သဖြင့် သူသည် ယုဒနှင့်ကိုယ်ဝန်ရလေ၏။
ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကိုယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။
ထို့နောက် ဂျုံစပါးရိတ်သိမ်းရာကာလ၌ ရှံဆုန်သည် ဆိတ်သငယ်တစ်ကောင်ကို ယူ၍ မယားနှင့်တွေ့ဖို့သွားပြီး သူက “အကျွန်ုပ်မိန်းမ၏အခန်းထဲသို့ အကျွန်ုပ်ဝင်မည်”ဟု ခွင့်တောင်းသောအခါ မိန်းကလေး၏ဖခင်က ဝင်ခွင့်မပြုဘဲ