သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 37:9 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။ Common Language Bible တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။ Garrad Bible တစ် ဖန် အိပ် မက် ကို မြင် ပြန်၍ အစ် ကို တို့ အား ကြား ပြော သည် မှာ၊ အိပ် မက် ကို ကျွန် တော် မြင် ရ ပြန် ရာ နေ လ နှင့် တ ကွ၊ ကြယ် ဆယ့် တစ် လုံး တို့ သည် ကျွန် တော့် ကို ရှိ ခိုး နေ ကြ သည် ဟု ကြား ပြော လေ၏။ Judson Bible တစ်ဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တစ်လုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြားပြောလေ၏။ |
သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုသို့ သူသည် မိမိဖခင်နှင့်အစ်ကိုတို့အားပြောပြသောအခါ ဖခင်က “သင်မက်သောအိပ်မက်ကား မည်သို့နည်း။ စင်စစ် ငါနှင့် သင့်မိခင်၊ သင့်အစ်ကိုတို့သည် သင့်ရှေ့သို့လာ၍ မြေမှာပျပ်ဝပ်ရမည်လော”ဟု ဆိုလျက် သူ့ကိုဆုံးမလေ၏။
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
ယောသပ်အိမ်သို့ပြန်ရောက်သောအခါ သူတို့သည် မိမိတို့၏လက်ဆောင်ကို အိမ်ထဲသို့ယူဆောင်လာ၍ ယောသပ်ရှေ့၌ ပျပ်ဝပ်ကြ၏။
သူတို့ကလည်း “သခင့်အစေအပါးအကျွန်ုပ်တို့၏ဖခင်သည် ကျန်းမာပါ၏။ အသက်ရှင်ပါသေး၏”ဟု ပြန်လျှောက်ပြီးလျှင် ဦးညွှတ်ပျပ်ဝပ်ကြ၏။
ယုဒနှင့်သူ၏ညီအစ်ကိုတို့သည် ယောသပ်၏အိမ်သို့ပြန်ရောက်သောအခါ ယောသပ်သည် အိမ်၌ပင်ရှိနေသေး၍ သူတို့သည် ယောသပ်ရှေ့၌ ညွတ်တွားပျပ်ဝပ်ကြ၏။
သခင်က သခင့်အစေအပါးတို့အား ‘သင်တို့၌ ဖခင်ရှိသလော၊ ညီရှိသလော’ဟု မေးသဖြင့်
အကျွန်ုပ်၏ဖခင်ထံသို့အလျင်အမြန်ပြန်သွားကြ၍ ဖခင်အား အဖေ့သားယောသပ်က ‘ဘုရားသခင်သည် အကျွန်ုပ်ကို အီဂျစ်ပြည်တစ်ပြည်လုံး၏သခင်အရာ၌ ခန့်ထားတော်မူပြီ။ အကျွန်ုပ်ထံသို့လာပါလော့။ အချိန်မဆွဲနှင့်။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
ထို့ပြင် ယောသပ်သည် မိမိဖခင်၊ မိမိညီအစ်ကိုတို့မှစ၍ ဖခင်၏အိမ်သူအိမ်သားအားလုံးတို့၌ရှိသော ကလေးအရေအတွက်အလိုက် အစားအစာထောက်ပံ့၏။
ကောင်းကင်ဗိုလ်ခြေအထိ ကြီးမားလာ၍ ကောင်းကင်ဗိုလ်ခြေနှင့် ကြယ်အချို့တို့ကိုပင် မြေပေါ်သို့ဆွဲချနင်းချေပစ်၏။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။