ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။
ကမ္ဘာဦး 37:6 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်က သူတို့အား “အကျွန်ုပ်မက်သော အိပ်မက်ကို ပြောပြမည်။ နားထောင်ကြပါ။ Common Language Bible ယောသပ်ကသူတို့အား``ကျွန်တော်မြင်မက် သောအိပ်မက်ကိုနားထောင်ကြပါ။- Garrad Bible သူ က၊ ကျွန် တော် မြင် ရ သော အိပ် မက် ကို နာ ယူ ကြ ပါ။ Judson Bible အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကိုနားထောင်ကြပါလော့။ |
ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။